America Burma Buddhist Association

The America Burma Buddhist Association (ABBA)

CERTIFICATE OF INCORPORATION
OF
THE AMERICA-BURMA BUDDHIST ASSOCIATION, INC.

Under section 402 of the Not - for - Profit Corporation Law, the undersigned for the purpose of forming a corporation under Section 402 of the Not - for - Profit Corporation Law. Hereby certificates:

1. The name of the Corporation is THE AMERICA-BURMA BUDDHIST ASSOCIATION, INC.

2. The corporation is a corporation as defined in Sub Paragraph (a) (5) of section 102 of the Not - for - profit Corporation Law. The corporation has not been for pecuniary profit or financial gain, and no part of the assets, income or profit or the corporation is distributable to or insure to the benefit of its members, directors or officers except to the extent permitted under the Not - for - Profit Corporation Law.

2. The corporation is a corporation as defined in Sub Paragraph (a) (5) of section 102 of the Not - for - profit Corporation Law. The corporation has not been for pecuniary profit or financial gain, and no part of the assets, income or profit or the corporation is distributable to or insure to the benefit of its members, directors or officers except to the extent permitted under the Not - for - Profit Corporation Law.

3. The purpose or purposes for which the corporation are to be formed are:
(a) To operate exclusively for religious, educational cultural and charitable purposes within the meaning of the Internal Revenue Code. In furtherance of these purposes, the corporation shall establishes place to be known as "Buddhist --------- " for the study of Buddhism with respect to its philosophy its culture, and its heritage. The corporation shall as part of its purpose or purposes hold meetings for those interested in Buddhism, provide for expositions of the cultural heritage of Buddhism, maintain a Buddhist reading room and provide facilities for the practice of meditation and other Buddhist disciplines, collect and disseminate information on Buddhism, and to acquire or receive from public or private sources in any legal manner, and to possess, maintain administer and dispose of any property real, personal or missed tangible or intangible.
(b) The corporation will maintain and support at least two monks specifically chosen by Venerable Mahasi Sayaday of Thathana Yeiktha, Rangoon, Burma, and the corporation will in addition support and maintain two attendants for such monks.

4. In addition to the foregoing corporate purposes the corporation shall have all of the general powers set forth in Section (20) of the Not - for - Profit Corporation Law, together with the power to solicit and receive grants, bequests and contributions for the corporate purpose.

5. The corporation is a Type B corporation as defined in Section 201 of the Not - for - Profit corporation Law.

6. The office of the corporation will be located in the City of New York, County of New York, State of New York.

7. The territory in which the corporation's activities are principally to be conducted, is the metropolitan area of the City of New York, and all of New York State.

8. The names and residences of the initial directors until the first annual meeting are:

  • HUGH HAN KYU, 450 Broome St, New York
  • RICHARD PAW U, 42 Ashton Place, Yonkers, New York.
  • DR. U AUNG THEIN, 200 Kingsbridge Road, Bronx, New York.
  • SHEE CHOW LEONG, 33 - 35 Catherine St, New York.
  • U HTAY YAN WU, 216 - 51 Sawyer Avenue, Queens, Village, New York

9. The Post Office address to which the Secretary of State shall mail the copy of any notice required by law is C/O HUGH HAN KYU, 450 Broome St, New York, 10013.

10. Prior to the delivery of this Certificate to the Department of State for filing, all approvals and consents required by law will be endorsed upon or annexed hereto.

11. Nothing contained in this Certificate shall authorize or empower the corporation to perform or engage in any act or practice prohibited by the General Business Law, Section 340 or other anti-monopoly statute of the State of New York.

12. The corporation is organized solely for non-profit purposes and no part of the income of the corporation shall insure to the benefit of any member, director, officer of the corporation, any private individual except that reasonable compensation may be paid for services rendered to the corporation. No member, officer, director of the corporation or any private individuals shall be entitled to share in the distribution of any of the corporate assets on dissolution of the corporation in the event of dissolution, voluntary or involuntary, of the corporation, all of the remaining assets and property of the corporation shall after necessary expenses of such dissolution be distributed to such organisations having similar objectives to this corporation and as shall qualify under Section 501 (c) (3) of the Internal Revenue Code of 1954, as amended, subject to an order of a Justice of the Supreme Court of the State of New York.

13. No part of the activities of the corporation shall be carrying on of propaganda or otherwise attempting to influence legislation, or participating in or intervening in (including the publication or distribution of statements) any political campaign on behalf of any candidate for public office.

14. In every taxable year, in which the corporation is a private foundation as defined in Section 509 of the Internal Revenue Code of 1954, (a) The corporation shall distribute such amounts for each taxable year at such time and in such manner, as not to subject the corporation to tax on undistributed income under Section 4942 of the Code.
(b) The corporation shall not engage in any act or self dealing which is subject to tax under Section 4941 of the Code.
(c) The corporation shall not retain any excess business holdings which are subject to tax under Section 4943 of the Code.
(d) The corporation shall not make any investments in any manner as to subject the corporation to tax under Section 4944 of the Code.
(e)The corporation shall not make taxable expenditures which are subject to tax under Section 4945 of the Code.

15. Each of the incorporators is over the age of 18 years.

IN WITNESS WHEREOF this Certificate has been signed by each Incorporator this 1st day of May 1981.

Nothing herein shall authorize this corporation, directly or indirectly, to engage in or include among its purposes, any of the activities mentioned in Not-For-Profit Corporation Law, Section 404 (b-t)

  • HUGH HAN KYU, 450 Broome St, New York
  • RICHARD PAW U, 42 Ashton Place, Yonkers, New York.
  • DR. U AUNG THEIN, 200 Kingsbridge Road, Bronx, New York.
  • SHEE CHOW LEONG, 33 - 35 Catherine St, New York.
  • U HTAY YAN WU, 216 - 51 Sawyer Avenue, Queens, Village, New York

On the 1st day of May 1981, before me personally came, Hugh Han Kyu, Richard Paw U, Dr. U Aung Thein, Shee chow Leong and U Htay Yan Wu, to me known and known to me to be the persons described in and who executed the foregoing Certificate of Incorporation, and they duly acknowledged to me that they executed the same.

Martin
Notary Public

I, a Justice of the Supreme Court of the State of New York, First Judicial District, in which the office of the Corporation is to be located, do hereby approve the forging Certificate of Incorporation of THE AMERICA-BURMA BUDDHIST ASSOCIATION, INC. and consent that the same be field.

Dated
New York, New York
July 28th, 1981

CHARLES S. WHITMAN JR
Justice of the Supreme Court of
the State of New York,
First judicial District


ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာပြန့်ရမည်
အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း

The America Burma Buddhist Association, Inc
450 Broome Street. York N.Y. 10013.U.S.A

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏
တည်ထောင်ခွင့် လက်မှတ်

“အမြတ်ရရှိရေးအတွက် တည်ထောင်ခြင်းမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာ ဥပဒေ”ပုဒ်မ (၄၀၂)အရ အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်းကြီးကိုတည်ထောင်ရန် ရည်ရွယ်၍ အောက်တွင် လက်မှတ် ရေးထိုးကြပါသည်။

(၁) အသင်းကြီး၏အမည်ကို “အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး”ဟု အမည်တွင်စေရမည်။

(၂) ဤအဖွဲ့အစည်းအမည်ကို “အမြတ်ရရေးအတွက် တည်ထောင်ခြင်းမဟုတ်သော အဖွဲ့အစည်းများ ဆိုင်ရာ ဉပဒေ”ပုဒ်မ (၁၀၂)၊ ပုဒ်မခွဲ(၅) (က)တွင် ဖွင့်ဆိုထားသော အဓိပ္ပါယ်အရ ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးဖြစ်သည်။ ဤအဖွဲ့အစည်းကြီးသည် အမြတ်ရရှိရေးအတွက်လည်းကောင်း၊ ဘဏ္ဍာ ရေးအကျိုးအမြတ်ရရှိရေးအတွက်လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားခြင်း မဟုတ်။ ဤအဖွဲ့ အစည်းကြီး၏ ရပိုင်ခွင့် ပစ္စည်းများ၏ တစိတ်တပိုင်းကို လည်းကောင်း၊ ဝင်ငွေကို (သို့မဟုတ်) အကျိုး အမြတ်ကိုလည်းကောင်း အဖွဲ့ဝင်အသင်းသားများ၊ တာဝန်ခံအရာရှိများ (အမှုဆောင်များ) ဒါရိုက်တာ များသည် အကျိုးအမြတ်အတွက် ခွဲဝေပေးခြင်း မပြုရ။
“အမြတ်ရရှိရေးအတွက် တည်ထောင်ခြင်းမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာ ဥပဒေ” အရသာလျှင် ပြုလုပ်ရမည်။

(၃) ဤအဖွဲ့အစည်းကြီးတည်ထောင်ခြင်း၏ ရည်ရွယ်ချက်(သို့မဟုတ်) ရည်ရွယ်ချက်များမှာ-
(က) ပြည်တွင်း အခွန်ဥပဒေတွင် အဓိပ္ပါယ်ဖွင့်ထားသော စည်းကမ်းချက်များအရ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေးရာနှင့် လှူဒါန်းခြင်းဆိုင်ရာ ကိစ္စများ သက်သက်ကိုသာ ဆောင်ရွက်ရန် ဖြစ် သည်။ ဤရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသင်းကြီးသည် ဗုဒ္ဓ ရုပ်ပွားတော်ထားရှိရန် နေရာတစ်ခုကို တည်ဆောက်နိုင်သည်။ ဗုဒ္ဓဘာသာကို လေ့လာ ဆည်းပူး နိုင်ရန်အတွက်ဖြစ်ပါသည်။
အသင်းကြီး၏ ရည်းရွယ်ချက် အစိတ်အပိုင်းတရပ်ဖြစ်စေ၊ ရည်ရွယ်ချက်ဖြစ်စေ၊ ရည်ရွယ်ချက် အများအတွက်ဖြစ်စေ အသင်းကြီးသည် ဗုဒ္ဓဘာသာကို စိတ်ဝင်းကြသူများ အတွက် အစည်းအဝေးများ ကျင်းပခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာအတိုင်း ဆောင်ရွက်ခြင်း၊ ဗုဒ္ဓဘာသာ စာကြည့်ခမ်း တစ်ခုထားရှိခြင်း၊ ဗုဒ္ဓ၏ဩဝါဒအတိုင်း တရားကျင့်နိုင်ရန် လိုအပ်သောအစီအစဉ်များ ဆောင်ရွက် ပေးခြင်း၊ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ သတင်းအချက်အလက်များ စုခြင်း၊ ဝေငှခြင်း၊ တရားဥပဒေ ဘောင်အတွင်းမှ ပုဂ္ဂလိက (သို့မဟုတ်) ပြည်သူအများထံမှ ဒြပ်ရှိပစ္စည်းများကို ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ စီမံကြီးကြပ်ခြင်းများကို ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(ခ) အသင်းကြီးသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ မဟာစည်ဆရာတော် ဘုရားကြီးက ရွေးချယ်စေလွှတ်သော အနည်းဆုံး ရဟန်းတော်နှစ်ပါးကို ပင့််ဆောင်ပြီးထောက်ပံ့ရမည်။ အသင်းကြီးသည် ထိုရဟန်းတော်နှစ်ပါးအတွက် အကူနှစ်ယောက်ကိုပါ ထားရှိထောက်ပံ့ရမည်။

(၄) အသင်းကြီးသည် အသင်းကြီး၏ ရည်ရွယ်ချက်များကို အကောင်အထည်ပေါ်အောင် ဆောင် ရွက်နိုင်ရန် “အမြတ်ရရှိရေးအတွက် တည်ထောင်ခြင်း မဟုတ်သော အဖွဲ့အစည်းများဆိုင်ရာ ဉပဒေ ပုဒ်မ(၂၀)”အရ ပေးအပ်ထားသော အာဏာများ၊ လုပ်ပိုင်ခွင့်များ ရှိသည်သာမက ထောက်ပံ့ကြေးများ အလှူငွေများ၊ အမွေအနှစ်များ (သေတမ်းစာအမွေများ)ကို လက်ခံနိုင်ခွင့်အာဏာ ရှိစေရမည်။

(၅) ဤအဖွဲ့အစည်းကြီးသည် “အမြတ်ရရှိရေးအတွက် တည်ထောင်ခြင်းမဟုတ်သော အဖွဲ့အစည်း များဆိုင်ရာ ဉပဒေ ပုဒ်မ ၂၀၁”တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော Type B အဖွဲ့အစည်းဖြစ်သည်။

(၆) အဖွဲ့အစည်း၏ရုံးသည် နယူးယောက်ပြည်နယ်၊ နယူးယောက်ခရိုင်၊ နယူးယောက်မြို့တွင် တည် ရှိရမည်။

(၇) အဖွဲ့ကြီး၏ လုပ်ဆောင်ချက်များကို နယူးယောက်မြို့နှင့်် နယူးယောက်ပြည်နယ်တစ်ခုလုံးတွင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

(၈) ပထမအကြိမ် အသင်းနှစ်ပတ်လည် အစည်းအဝေးမတင်မီ အသင်း၏ ဒါရိုက်တာလူကြီးများ၏ အမည်၊ နေရပ်လိပ်စာများမှာ

  • (က) HUGH HAN KYU, 450 Broome St, New York
  • (ခ) RICHARD PAW U, 42 Ashton Place, Yonkers, New York.
  • (ဂ) DR. U AUNG THEIN, 200 Kingsbridge Road, Bronx, New York.
  • (ဃ) SHEE CHOW LEONG, 33 - 35 Catherine St, New York.
  • (င) U HTAY YAN WU, 216 - 51 Sawyer Avenue, Queens, Village, New York

နိုင်ငံအတွင်း ဥပဒေအရ ပေးပို့ရန် ရှိသော စာများကို ပေးပို့ရန်အတွက် လိပ်စာမှာ-
C/O HUGH HAN KYU, 450-Broom Street, N. Y10013 ဖြစ်သည်။

(၁၀) ဖိုင်တွဲရန်အတွက် Department of State သို့ ဤလက်မှတ်ကို မပို့မီ ဥပဒေအရ လိုအပ်သော သဘောတူညီချက်များ၊ အတည်ပြုချက်များကို လက်မှတ် ရေးထိုးရမည်။

(၁၁) ဤခွင့်ပြုချက်လက်မှတ်ကို ဤကော်ပိုရေးရှင်း (အဖွဲ့အစည်း) သို့ ပေးအပ်ရာ၌ နယူးယောက် ပြည်နယ်၏ လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းကို ဆန့်ကျင်သော ဥပဒေ(သို့မဟုတ်)ပုဒ်မ ၃၄၀တွင် ဖော်ပြထားသည့် အထွေထွေ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုဥပဒေအရ တားမြစ်ထားသော လုပ်ငန်း များကို လုပ်ကိုင်ရန် ခွင့်ပြုသည့် (သို့မဟုတ်) အာဏာအပ်နှင်းသည့်အချက်များ မပါရှိစေရ။

(၁၂) ဤအဖွဲ့အစည်းသည် အမြတ်ရရေးအတွက်မဟုတ်သော လုပ်ငန်းများကို ဆောင်ရွက်ရန် အတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်ရမည်။
ဤအဖွဲ့အစည်းကြီး၏ ဝင်ငွေတစိတ်တပိုင်းမျှကိုပင် အသင်းဝင်များ၊ ဒါရိုက်တာကြီးများ၊ အမှုဆောင်အရာရှိများ၊ ပုဂ္ဂလိကတစ်ဦးတစ်ယောက်ကိုမျှ အကျိုးအမြတ် ခွဲဝေပေးခြင်းမပြုရ။ အဖွဲ့ အစည်းအတွက်ပေးခဲ့သော လုပ်အားအတွက် သင့်တင့်လျှောက်ပတ်သော လျှော်‌ကြေးကို ပေးနိုင် ကြောင်း ချွင်းချက်ပြုသည်။
ဤအဖွဲ့အစည်းကြီးကို ဖျက်သိမ်းသည့်အခါ အဖွဲ့အစည်း၏ ရပိုင်ခွင့်ပစ္စည်းများကို အသင်း ဝင်များ ဒါရိုက်တာကြီးများ အမှုဆောင်အရာရှိများ တစ်ဦးတစ်ယောက်ကိုမျှ ခွဲဝေပေးခြင်း မပြုရ။
အလိုအလျှောက်ဆန္ဒအရ ဖျက်သိမ်းခြင်းဖြစ်စေ မဖျက်သိမ်းမနေရသော အကြောင်း ကြောင့်် ဖြစ်စေ ဤအဖွဲ့အစည်း၏ ကျန်ရှိသော ရပိုင်ခွင့်ပစ္စည်းများကို ဖျက်သိမ်း၍ စရိတ်များ နှုတ်ပြီးနောက် ဤအဖွဲ့ကဲ့သို့ပင် ရည်ရွယ်ချက်ခြင်း တူညီသော အခြားအဖွဲ့အစည်းများသို့သာ ခွဲဝေပေးရမည်။ ဤသို့ ဆောင်ရွက်ရာ၌လည်း နယူးယောက်ပြည်နယ်၏ ဗဟိုတရားရုံးချုပ် တရားသူကြီးတစ်ဦး၏ အမိန့် အာဏာအရလည်းကောင်း၊ ၁၉၅၄ ခုနှစ် ပြည်တွင်း အခွန်များ ဥပဒေ ပုဒ်မ ၅၀၁ (စီ) (၃) အရသာ ဖြစ်စေရမည်။

(၁၃) ဤအဖွဲ့အစည်း၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တစ်ဦး၏ ကိုယ်စား နိုင်ငံရေးမူဝါဒများ ကြေညာခြင်း၊ (နိုင်ငံရေး ကြေညာချက်များကို ထုတ်ဝေခြင်း ဖြန့်ချိခြင်းများ အပါအဝင်) ပြဌာန်းချက် ဉပဒေများအပေါ် ဩဇာသက်ရောက်မည့် အပြုအမှုများကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ရန် ကြိုးစားခြင်း၊ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခြင်းများ မပါရှိစေရ။

(၁၄) ဤအဖွဲ့အစည်းသည် ပြည်တွင်းအခွန်များ ဥပဒေပုဒ်မ ၅၀၉ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်သည်။
(က) အမြတ်အခွန်စည်းကြပ်နှစ်တိုင်းတွင် ဤအဖွဲ့အစည်းသည် ဝင်ငွေများကို သင့်လျော်သော အချိန်တွင် သင့်လျော်သော ပုံစံဖြင့် ခွဲဝေသုံးစွဲပိုင်ခွင့်ရှိပြီး ပြည်တွင်းအခွန်များ ဥပဒေ ပုဒ်မ ၄၉၄၂ အရ မခွဲမဝေရသေးသော ဝင်ငွေများအပေါ် အခွန်စည်းကြပ်ခြင်း မပြုရ။
(ခ) ပြည်တွင်း အခွန်များ ဥပဒေပုဒ်မ ၄၉၄၁ အရ အခွန်စည်းကြပ်ခံရမည့်ကိစ္စနှင့်် ပတ်သက်သော လုပ်ငန်းများကို အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်ခြင်းမပြုရ။
(ဂ) ပြည်တွင်း အခွန်များ ဥပဒေပုဒ်မ ၄၉၄၃ အရ အခွန်စည်းကြပ်နိုင်သည့် စီးပွားရေး လုပ်ငန်းများမှ ပိုငွေများကို လက်ဝယ်ထားရှိခြင်း မပြုရ။
(ဃ) ပြည်တွင်း အခွန်များ ဥပဒေပုဒ်မ ၄၉၄၄ အရ အခွန်စည်းကြပ်နိုင်သည့် ရင်းနှီးမြုပ်နှံမှု များကို အဖွဲ့အစည်းက လုပ်ဆောင်ပိုင်ခွင့်မရှိစေရ။
(င) ပြည်တွင်း အခွန်များ ဥပဒေပုဒ်မ ၄၉၄၅ အရ အခွန်စည်းကြပ်နိုင်သည့် စရိတ်ငွေများကို သုံးစွဲကုန်ကျခံခြင်းမျိုး မပြုရ။
(စ) အမြတ်အတွက် ရည်ရွယ်လုပ်ကိုင်ခြင်း မဟုတ်သော အဖွဲ့အစည်း ဉပဒေပုဒ်မ ၄၀၄ (ဘီတီ)အရ ဖော်ပြထားသော လုပ်ဆောင်မှုများကို ဤအဖွဲ့အစည်းသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ကိုင်ရန် ရည်ရွယ်ခြင်းများ မရှိစေရ။

၁၉၈၁ ခုနှစ် မေလ (၁)ရက်နေ့တွင် သက်သေများရှေ့၌ ဤအဖွဲ့အစည်းကို တည်ထောင်သူ များက လက်မှတ်ရေးထိုးပါသည်။

  • HUGH HAN KYU, 450 Broome St, New York
  • RICHARD PAW U, 42 Ashton Place, Yonkers, New York.
  • DR. U AUNG THEIN, 200 Kingsbridge Road, Bronx, New York.
  • SHEE CHOW LEONG, 33 - 35 Catherine St, New York.
  • U HTAY YAN WU, 216 - 51 Sawyer Avenue, Queens, Village, New York

1981 ခုနှစ် မေလ (၁)ရက်နေ့ ၌ အထက်တွင်ဖော်ပြပါရှိသူများသည် ကျွန်ုပ်၏ ရှေ့မှောက်၌ ဤအဖွဲ့အစည်း တည်ထောင်ခြင်းဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုကြပါသည်။

Martin
Notary Public


အသင်းစည်းမျဉ်း (မူကြမ်း)

၁။ အသင်းအမည်
The America Burma Buddhist Association, Inc. အမေရိကန် မြန်မာ ဗုဒ္ဓဘာသာ အသင်းဟု ခေါ်စေရမည်။ အတိုကောက် စကားဖြင့် A.B.B.A ဟု ခေါ်နိုင်သည်။

၂။ အသင်း၏ မူဝါဒနှင့်် ရည်ရွယ်ချက်
အသင်း၏ ရည်ရွယ်ချက်မှာ Internal Revenue Code of 1954 နယူးယောက်၊ နယူးဂျာစီ၊ ဒါလဝဲယား၊ မေရီလင်း၊ ဝါရှင်တန်စသည့် ပတ်ဝန်းကျင်ဒေသများတွင် နေထိုင်ကြသော ဗုဒ္ဓဘာသာဝင်တို့၏ သာရေး၊ နာရေးကိစ္စများအတွက် ဘုရားကျောင်းတစ်ခုကို အများစု အလွယ်တကူ လာရောက်နိုင်မည့် နေရာတွင် တည်ရှိစေပြီး ထေရဝါဒ ရဟန်းတော်များကို သီတင်းသုံးစေလျက် ဗုဒ္ဓဘာသာ သာသနာကို ဖြန့်ဖြူးစေရန် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာပြည်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြသော ဗုဒ္ဓဘာသာဝင်တို့၏ သားသမီးများအား ဗုဒ္ဓဘာသာ၏အနှစ်သာရကို ခံယူစေပြီး တတ်နိုင်ပါက ဘာသာမရွေး လူမျိုးမရွေး ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြသော ပုဂ္ဂိုလ်များကို သာသနာပြု ပေးရန် ဖြစ်သည်။ အသင်းအနေဖြင့် အသင်းဝင်တိုင်းအား ဗုဒ္ဓဘာသာ၏အနှစ်သာရကို ခံယူကျင့်သုံးနိုင် ရေး၊ သာရေး နာရေး လူမှုရေး ပညာရေး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစေရေး၊ ကလေးသူငယ်များ အတွက် Sunday School ဖွင့်၍ အခြေခံ ဗုဒ္ဓဘာသာကို သင်ပေးနိုင်ရေး သက်ကြီးရွယ်အိုများအတွက် ဒါန သီလ ဘာ၀နာကို အေးချမ်းစွာ ပြုလုပ်၍ တရားစစ် တရားမှန်ကို ရှာဖွေရရှိခံစား စေနိုင်ရေး၊ တရား ရိပ်သာတစ်ခု ဖြစ်ပေါ်လာရေး၊ အသင်းဝင်အချင်းချင်း ချစ်ခင်မှုတိုးတက်လာပြီး တစ်ဦးထံမှ တစ်ဦး အကူအညီရယူနိုင်ရေး၊ မြန်မာ့ ယဉ်ကျေးမှု အနုပညာရိုးရာတို့ကို အနာဂတ်လူငယ်များက ဆက်လက် ထိန်းသိမ်းနိုင်စေရေး စသည့်တို့အတွက် ဆောင်ရွက်မည်ဖြစ်ပြီး အကျိုးကျေးဇူးကို လူမျိုးမရွေး ဘာသာ မရွေး အသင်းဝင်တိုင်း တန်းတူညီမျှ ရရှိခံစားနိုင်စေရန် ရည်ရွယ်သည်။

၃။ အသင်းတည်နေရာ
လက်ရှိအသင်းတည်နေရာကို 450 Broome St ဟု သတ်မှတ်သည်။ ယင်းနေရာထက် အသင်း ဝင် အများစု လာရောက်ရန် လွယ်ကူသည့် နေရာအသစ်တွေ့ပါက နေရာအသစ်သို့ ပြောင်းမည်။

၄။ အသင်းစည်းမျဉ်း
အသင်းစည်းမျဉ်းကို အသင်းပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါက အမှုဆောင်အများစု၏ ဆုံးဖြတ်ချက်ဖြင့် ပြင်ဆင် ဖြည့်စွက်နိုင်သည်။ အသင်းစည်းမျဉ်းကို တသမတ်တည်း မူသေမထားရ။ အသင်းအတွက် အကျိုးရှိမည်ဆိုပါက အသင်းဝင်တိုင်းက အသင်းစည်းမျဉ်းကို ဝေဖန်ပြင်ဆင် ဖြည့် စွက်နိုင်ခွင့် ရှိသည်။ သို့သော် ထိုပြင်ဆင်ချက်ကို အမှုဆောင်အများစုက သဘောတူမှသာ အတည် ဖြစ်စေရမည်။

၅။ အသင်းဝင်ဦးရေ အိမ်ထောင်ဦးစီးတစ်ဦး အသင်းဝင်ဖြစ်ထားလျှင် ထိုသူနှင့်အတူနေ မိသားစု အားလုံးကိုလည်း အသင်းဝင်အဖြစ် သတ်မှတ်သည်။

၆။ အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး
အသင်းဝင်ကြေးကို အိမ်ထောင်စုတစ်ခုအတွက် $1 သတ်မှတ်သည်။ နှစ်စဉ်ကြေးကို $ 10 သတ်မှတ်သည်။ အသင်းပိုင်ဘုရားကျောင်းနှင့် သီတင်းသုံးမည့်ရဟန်းတော်များ ရှိလာလျှင် အသင်းဝင် ကြေးနှင့် နှစ်စဉ်ကြေးကို အမှုဆောင်အများစု၏ သဘောတူညီချက်ဖြင့်် ပြင်ဆင်သတ်မှတ်နိုင်သည်။

၇။ အမှုဆောင်သက်တမ်း
အမှုဆောင်သက်တမ်းကို ပထမဆင့်အနေဖြင့် (၂)နှစ် သတ်မှတ်သည်။ အသင်းခိုင်မာ တောင့် တင်းလာပါက (၁)နှစ် သတ်မှတ်မည်။

၈။ အမှုဆောင် ဦးရေ
အမှုဆောင် သက်တမ်း (၂)နှစ်ကာလအတွင်း အမှုဆောင် ဦးရေကို သတ်မှတ်ချက်မထား၊ အသင်းအတွက် အကျိုးရှိလျှင် အမှုဆောင် ဦးရေတိုးချဲ့နိုင်သည်။ အသင်းခိုင်မာတောင့်တင်းသောအခါ အမှုဆောင်ဦးရေကို ကန့်သတ်မည်။

၉။ အမှုဆောင်အစည်းအဝေး
(က) အမှုဆောင်အစည်းအဝေးကို သာမန်အားဖြင့်် လစဉ် ပထမတနဂ်နွေ နေ့တိုင်း ပုံမှန် ကျင်းပရမည်။ အရေးပေါ်ကိစ္စပေါ်လျင် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပရမည်။ သို့သော် ရာသီဉတု အလွန်ဆိုးသော အချိန်များတွင် သွားလာမှုခက်ခဲက သင့်တော်သည့် ကာလအထိ အစည်း အဝေး ရွေ့ဆိုင်း ကျင်းပနိုင်သည်။
(ခ) အမှုဆောင်အများစု၏ ဆုံးဖြတ်ချက်အရသာ အသင်း၏လှုပ်ရှားမှုကို ဖြစ်စေရမည်။ တစ်ဦးကောင်း တစ်ယောက်ကောင်း ပုံသဏ္ဍာန်မျိုး မရှိစေရ။ အမှုဆောင်အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစုက သဘောမတူသော်လည်း အများစု၏ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရာ၌ ပါဝင်ကူညီ ရမည်။
(ဂ) လူမျိုးမရွေး ဘာသာမရွေး အသင်းဝင်ဖြစ်ပါက အသက်ကန့်သတ်ချက် မရှိစေဘဲ အသင်း၏တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သူဖြစ်လျှင် မည်သူမဆို အသင်းအမှုဆောင် ဖြစ်နိုင် သည်။
(ဃ) အသင်းအမှုဆောင်အစည်းအဝေး ပြုလုပ်ရာတွင် သာမန်အားဖြင့် ဥက္ကဌနှင့် အတွင်း ရေးမှူးတို့ မပါဘဲ မလုပ်ရ။ သို့သော် ၎င်းတို့ ခရီးလွန်နေသော်လည်းကောင်း၊ အစည်းအဝေးသို့ အချိန်မီ မရောက်လာကြလျှင်သော် လည်းကောင်း၊ ဒု-ဥက္ကဌနှင့် တွဲဘက်အတွင်းရေးမှူးတို့က အစည်းအဝေး လုပ်နိုင်သည်။
(င) အမှုဆောင်အစည်းအဝေးတိုင်းတွင် တက်ရောက်ကြသူ အမှုဆောင်ဦးရေ အများစု၏ ဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်စေရမည်။ အသင်းခိုင်မာ တောင့်တင်းလာသောအခါ အမှုဆောင် မည်ရွေ့ မည်မျှ တက်ရောက်မှ အစည်းအဝေး ထမြောက်သည်ဟု ပြင်ဆင်သတ်မှတ်မည်။
(စ) အစည်းအဝေး ဖိတ်ထားပြီးမှ ယင်းအစည်းအဝေးကို လူနည်းစုမှ ရွေ့ဆိုင်းခြင်း မလုပ်ရ။ အစည်းအဝေးသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များနှင့် အစည်းအဝေးဖြစ်မြောက်အောင် လုပ်ရမည်။ ခရီးဝေးမှ အစည်းအဝေးသို့ တက်ရောက်လာသည့််သူများကို ဦးစားပေးရမည်။ (ယင်းကိစ္စမျိုးအတွက် အသင်း၏ စည်းလုံးညီညွတ်မှုကို ထိခိုက်လျှင် တာဝန်ရှိသူကို အရေးယူမည်)။

(ဆ) အသင်းအား ထိခိုက်စေမည့် စကားကိုသော်လည်းကောင်း၊ အသင်းဝင်နှင့် အမှုဆောင် တစ်ဦးဦးအား ထိခိုက်စေမည့် အပြောအဆို အပြုအမူများကိုသော်လည်းကောင်း၊ မပြုလုပ်ရ။
(ဇ) အသင်းဝင်တိုင်းနှင့် အမှုဆောင်တိုင်းသည် အသင်း၏ အမည်၊ လိပ်စာကို အသင်းကိစ္စမှ တစ်ပါး ကိုယ်ရေးကိုယ်တာကိစ္စများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုံးဝ မသုံးရ။
(ဈ) အသင်းဝင်တိုင်းနှင့် အမှုဆောင်တိုင်းသည် အသင်းကိစ္စနှင့််ပတ်သက်၍ အခြားဘာသာ၊ လူမျိုး၊ အဖွဲ့အစည်း တစ်ဦးတစ်ယောက်အား ထိခိုက်မည့် အပြောအဆို အပြုအမူတို့ကို မပြုလုပ်ရ။
(ည) အသင်းဝင်တိုင်းနှင့် အမှုဆောင်တိုင်းသည် မိမိတို့အားပေးထားသော တာဝန်အပြင် အမှုဆောင်တစ်ဖွဲ့လုံး အသင်းတစ်သင်းလုံး၏ တာဝန်ကိုပါ တတ်အားသမျှ ဝိုင်းဝန်းကူညီ တာဝန်ယူ ရမည်။
(ဋ) အမှုဆောင်အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းခဲ့သောကိစ္စများတွင် အသင်းအား ထိခိုက် စေမည့် ကိစ္စများရှိခဲ့ပါက ထိုကိစ္စများကို ပြင်ပသို့ လုံးဝ မပေါက်ကြားစေရ။
(ဌ) အသင်းဝင်တိုင်းနှင့် အမှုဆောင်တိုင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် ဖြစ်သော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ထိခိုက်စေမည့် အပြောအဆို အပြုအမူများကို မပြုလုပ်ရ။
(ဍ) အသင်းနှင့်ပတ်သက်သော ကိစ္စများကို အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သော အမှုဆောင်အများစု၏ အတည်ပြုချက်ကို ရယူပြီးမှ ဆုံးဖြတ်ချက် ချရမည်။ ယင်းဆုံးဖြတ်ချက်ကို အသင်း၏ အကျိုးအတွက် ပြင်ဆင် ဖြည့်စွက်လိုလျှင် နောက်တစ်ကြိမ် အစည်းအဝေးမှ အမှုဆောင် အများစု၏ ဆန္ဒနှင့်သာ ပြင်ဆင်ရမည်။
(ၑ) အမှုဆောင်အစည်းအဝေးတွင် တာဝန်ယူထားသော ကိစ္စများကို အသင်းဝင်တိုင်း၊ အမှု ဆောင်တိုင်းက အတတ်နိုင်ဆုံး တာဝန်ကျေအောင် ဆောင်ရွက်ရမည်။ မဆောင်ရွက်နိုင်ပါက အမှုဆောင် အဖွဲ့အား အချိန်မီတင်ပြ၍ အကူအညီတောင်းရမည်။
(ဏ) သာမန်အမှုဆောင်အစည်းအဝေးတွင် စိတ်ဝင်စားသော အသင်းသားတိုင်း တက် ရောက်၍ အကြံပြုဆွေးနွေးနိုင်သည်။ သို့သော် မဲခွဲရန် ကိစ္စများတွင် မဲပေးပိုင်ခွင့် မရှိ။
(တ) အမှုဆောင်အဖွဲ့သည် ဆုံးဖြတ်ချက်များကို အသင်းဝင်များ၏ အခြေခံကျသော ဆန္ဒနှင့် အကျိုးကိုသာ ရှေ့ရှု၍ ပြုလုပ်ရမည်။ ဆုံးဖြတ်ချက်ကို အခြေအနေအရ ပြောင်းလဲသင့်က ပြောင်းလဲ ရမည်။

၁၀။ အမှုဆောင်များ၏ တာဝန်ပိုင်း
(က) ဥက္ကဌနှင့် ဒု-ဥက္ကဌတို့သည် အသင်းစည်းလုံး ညီညွတ်ခိုင်မာတောင့််တင်းစေရန်နှင့် အသင်းဝင်တိုင်း၏ သာရေး နာရေး ပညာရေး ကျန်းမာရေး စသည်တို့ကို အသင်း၏ ရည်ရွယ်ချက် အပိုဒ်(၂)အရ အဓိကထား ဆောင်ရွက်ပြီး အသင်းတွင် ပေါ်ပေါက်လာနိုင်သည့်် ပြဿနာများကိုပါ ဖြေ ရှင်းရန် လမ်းညွှန် ကြပ်မတ်ဆောင်ရွက်ပေးရမည်။
(ခ) ဥက္ကဌဖြစ်သူ ခရီးလွန်နေခြင်း မကျန်းမမာဖြစ်နေခြင်း၊ အရေးကြီးသော ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့် မအားမလပ် ဖြစ်နေလျှင် ဒုတိယ ဥက္ကဌသည် ဥက္ကဌ၏တာဝန်ကို ခေတ္တ ထမ်း ဆောင်ရမည်။ အလားတူ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ပညာရေးမှူး၊ စည်းရုံးရေးမှူး စသည့်အမှုဆောင် များကလည်း အသီးအသီး တာဝန်ယူရမည်။
(ဂ) အတွင်းရေးမှူး၏အဓိကတာဝန်သည် အမှုဆောင်အဖွဲ့အစည်း ကျင်းပပြီးတိုင်း မှတ်တမ်း အမြန်ထုတ်ဝေပေးရမည်။
(ဃ) စာရင်းကိုင်၏ အဓိကတာဝန်မှာ အသင်း၏ဝင်ငွေ၊ ထွက်ငွေစာရင်းကို စနစ်တကျ ထိမ်းသိမ်းထားရမည်။ ဘဏ္ဍာရေးအခြေအနေကို လိုအပ်သလို အမှုဆောင်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ယူရမည်။ အသင်းဝင်တစ်ဦးက ဘဏ္ဍာရေးအခြေအနေကို မေးလာလျှင် ရှင်းပြနိုင် ရမည်။
(င) ဘဏ္ဍာရေးမှူး၏ အဓိကတာဝန်မှာ အသင်း၏ဝင်ငွေ ထွက်ငွေများကို ဘဏ်သို့သွင်းခြင်း၊ ဘဏ်မှ ထုတ်ခြင်းကိစ္စကို တာဝန်ယူရမည်။

၁၁။ ဘဏ္ဍာရေးကိစ္စ
(က) အသင်း၏ ဝင်ငွေ ထွက်ငွေအားလုံးကို ဥက္ကဌ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးမှူးတို့ သုံးဦးလုံး လက်မှတ်ထိုး၍ ချက်လက်မှတ်နှင့််သာ သုံးရမည်။
(ခ) အသင်းပိုင်ငွေကို မည်သည့်အသင်းဝင်၊ အမှုဆောင်မျှ တစ်လထက်ပို၍ လက်ဝယ် ကိုင်မထားရ။
(ဂ) သုံးလတစ်ကြိမ် ဘဏ္ဍာရေးအခြေအနေကို အမှုဆောင်အစည်းအဝေး၌ တင်ပြ၍ အတည်ပြုချက်ရယူကာ အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြရမည်။
(ဃ) အလှူငွေကောက်ခံရာ၌ အလှူခံဖြတ်ပိုင်းတွင် လက်မှတ်ထိုး၍သာ အလှူငွေကို လက်ခံ ရမည်။ ဖြတ်ပိုင်းမပေးနိုင်ပါက ယာယီ Receipt ဖြင့် လက်ခံနိုင်သည်။ နောက်မှ Orginal Receipt ကို ပို့ပေးရမည်။
(င) အသင်းဝင်တိုင်း အချိန်မရွေး အသင်း၏ဘဏ္ဍာရေးအခြေအနေကို မေးမြန်းခွင့် ရှိသည်။
(စ) အသင်း၏လှုပ်ရှားမှုတိုင်းတွင် (ဥပမာ-နိဗ္ဗာန်ဈေးစသည်တို့တွင်) အသင်းအတွက် လှူဒါန်းသော ငွေစာရင်းကို အမှုဆောင်အဖွဲ့သို့ တင်ပြရာတွင် ဝင်ငွေအမှန်နှင့် မိမိစိုက်ထုတ်ကုန်ကျငွေ ကို ခွဲခြားပြရမည်။ စိုက်ထုတ်ငွေကို စာရင်းကိုင်က အသင်း၏ချက်လက်မှတ်ဖြင့် ပြန်လည် ထုတ်ပေး ရမည်။
(ဆ) ဥက္ကဌသည် အသင်းကိစ္စအတွက်သော်လည်းကောင်း၊ အသင်းဝင်များ၏ သာရေးနာရေး ကိစ္စအတွက်သော်လည်းကောင်း၊ ကိစ္စတစ်ခုခုအတွက် $200 အထိ သုံးခွင့်ရှိသည်။ အမှုဆောင် အသီးသီးသည်လည်း အလားတူ ကိစ္စတစ်ခုခုအတွက် $50 အထိ သုံးခွင့်ရှိသည်။ ယင်းအသုံးစရိတ် များကို မိမိစိုက်ထုတ်ထားပြီး အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ အသင်း၏ ချက် လက်မှတ်ဖြင့် ပြန်ပေးရမည်။
(ဇ) အမှုဆောင်အဖွဲ့အနေဖြင့် အမှုဆောင်အစည်းအဝေးမှ အများဆုံးဖြတ်ချက်ကို ရယူကာ အသင်း၏ငွေကို ကိစ္စရပ်တစ်ခုအတွက် $5000 အထိသာ သုံးခွင့်ရှိသည်။ ယင်းပမာဏထက်ကျော်၍ သုံးရမည့်ကိစ္စမျိုးတွင် အသင်းဝင် အများစု၏ သဘောတူညီချက်ကို ရယူရမည်။

၁၂။ ပညာရေးကိစ္စ
(က) အသင်းအနေဖြင့် သင့်တော်သည့်ကာလတိုင်း သတင်းစဉ်ကိုပြုစု၍ အသင်းဝင်များ၏ အကျိုးအတွက်လည်းကောင်း သာသနာပြန့်ပွားစေရန်အတွက်လည်းကောင်း အသင်း၏လှုပ်ရှားမှု များကို အမှုဆောင်အများစု၏ ဘဘောတူညီချက်ဖြင့် အသင်းဝင်နှင့် အသင်းအား စိတ်ဝင်စားသူများထံ ဖြန့်ဝေပေးရမည်။
(ခ) စာကြည့်တိုက်ကော်မတီအမြန်ဖွဲ့၍ အလှည့်ကျအပတ်စဉ် စာကြည့်တိုက်ဖွင့်ပြီး စာအုပ်၊ တိတ်ခွေများကို အသင်းဝင်တို့အား ငှားရမည်။ စာကြည့်တိုက် စည်းမျဉ်းများကို စာကြည့်တိုက် ကော်မတီက မူကြမ်းရေးဆွဲ၍ အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ဖြင့် စာကြည့်တိုက်တွင်ဖေါ်ပြထား ရမည်။ အသင်းတွင်ရှိသော စာအုပ်နှင့်တိတ်ခွေစာရင်းကို အသင်းဝင်ထံ ဖြန့်ဝေရမည်။ အသင်းဝင် များအား အကျိုးပြုစေမည့် စာအုပ်နှင့်တိတ်ခွေများကို အမှုဆောင်အဖွဲ့၏သဘောတူညီချက်ဖြင့် ဝယ်ယူခြင်း အလှူပေးခြင်းပြုပြီး စာအုပ်စာရင်းတွင် ဖေါ်ပြရမည်။ စာအုပ်နှင့်တိတ်ခွေများကို ငှားရန် ခွင့်ပြုသည်ကာလ သတ်မှတ်ထားရမည်၊ သတ်မှတ်ရက်ကျော်လွန်ပါက ပေးဆောင်သင့်သည် ဒဏ် ငွေကို အမှုဆောင်၏ သဘောတူညီချက်ကိုယူ၍ သတ်မှတ်ထားရမည်။
(ဂ) ပညာရေးကိစ္စနှင့်ပတ်သက်၍ အသင်းဝင်လူငယ်များ၏ အခက်အခဲကို အမှုဆောင်အားလုံး၊ အထူးသဖြင့် ပညာရေးကော်မတီက ကူညီဆောင်ရွက်ရမည်။ (ဃ) ကလေးလူငယ်အတွက် Sunday School ဖွင့်ပေးရေးကိစ္စကို အဓိကထား၍ အကောင် အထည်ဖော်ပေးရမည်။ (င) မြန့်မာယဉ်ကျေးမှုကို အနာဂတ်လူငယ်များက ဆက်လက်ထိန်းသိမ်းနိုင်ရေးကိုလည်း အဓိကထား၍ ဆောင်ရွက်ရမည်။

၁၃။ လူမှုရေးကိစ္စ
(က) အသင်းဝင်တိုင်း၏ သာရေး၊နာရေး၊ကျန်မားရေး၊ ပညာရေး၊လူမှုရေးစသည့်ကိစ္စ ရပ်များကို ဆောက်ရွက်ပေရန် လူမှုရေးကော်မတီ၏ အဓိကတာဝန်ဖြစ်သည်။
(ခ) နာရေးကိစ္စများတွင် အသင်းဝင်တစ်ဦးဦးက အကြောင်းကြားလာပါက အမှုဆောင် အဖွဲ့နဲ့အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်။
(ဂ) အသင်းဝင်နာ‌ရေးကိစ္စအတွက် အမှုဆောင်များမှ အသင်းအမည်ကို $50 ထက် မ ကျော်သော ပန်းခွေ(သို့မဟုတ်) ထောက်ပံ့ငွေကို စိုက်ထူ၍ ကူညီနိုင်သည်၊ သို့သော် နောက်ပိုင်းတွင် အမှုဆောင်အစည်းအဝေးတွင်တင်ပြ၍ သဘောတူညီချက်ယူရမည်၊ ယင်းငွေကို ဘဏ္ဍာရေးမှူးက ချက်လက်မှတ်ဖြင့်သာ ပေးချေရမည်။

၁၄။ စည်းရုံရေးမှူးများ
အသင်းသားဦးရေ တိုးပွားလာရေး၊ အသင်းဝင်အာလုံး ချစ်ခင် ရင်းနှီးစည်းလုံးညီညွတ်ရေး၊ အသင်းတိုးတက်ခိုင်မာတောင့်တင်းရေး၊ အသင်းဝင်များ၏သာရေး၊နာရေး၊ ပညာရေးစသည်ကိစ္စများ အတွက် ကူညီရန် အဓိက ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ခိုင်မာရေး ပြန့်ပွားရေးအတွက် အစွမ်းကုန်ဆောင်ရွက်ရန်တာဝန်ရှိသည်။ အသင်းလှုပ်ရှားမှုတိုင်းတွင် အသင်းအတွက်တက်ကြွစွာ ပါဝင်၍ ကျရာတာန်ယူရမည်၊ အဓိကအားဖြင့် အသင်းကို နှစ်ပေါင်း ရာ၊ထောင်ချီ၍တည်တန့်ခိုင်မာ ကြီးပွား တိုးတတ်ရေးအတွက် ရေရှည်စီမံကိန်းများ ရေးဆွဲလျက် အမှုဆောင်အဖွဲ့သို့တင်ပြ အတည် ပြုချက်ယူ၍ အကောင်အထည်ဖော်ရမည်။ အနာဂတ်အတွက် ဆက်လက်သာသနာပြုရန် တာဝန် ရှိသည့် လူငယ်ပိုင်းကို အလေးအနက်ထား၍ စည်းရုံးလှုပ်ရှားပေရမည်။

(၁၅)။ ပြန်ကြားရေးမှူးများ
အသင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် အသင်း၏လှုပ်ရှားမှုများကို အသင်းဝင်တိုင်းအား သိ စေလျှက် အသင်းတိုးတက်ကြီးထွားခိုင်မာလာရေးအတွက် အဓိကဖြစ်သည်။ အသင်းလှုပ်ရှားမှုတွင် တာဝန်များသော အမှုဆောင်များအား တတ်အားသမျှကူညီရမည်။ အဓိကအားဖြင့် အသင်းတိုးတက် ကြီးပွားခိုင်မာလာစေမည့် သတင်းကောင်းများကို ပြန့်ပွားရေးအတွက် တာဝန်ယူရမည်။


အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း၏
သံဃာပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေများ

ပုဂ္ဂိုလ်ငါးမျိုး-
(၁) အသင်း၏ ဩဝါဒါစရိယ ဆရာတော်များ၊
(၂) အသင်း၏ ကျောင်းထိုင်ဆရာတော်၊
(၃) ခန်းနေ သံဃာတော်များ၊
(၄) အာဂန္တုဧည့်သည် သံဃာတော်များ၊
(၅) ကျောင်းသား၊ကပ္ပိယ၊သီလရှင်၊ယောဂီများ။

(၁) အသင်း၏ ဩဝါဒါစရိယ ဆရာတော်များ၊
အသင်း၏ဩဝါဒါစရိယဆရာများသည် အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းအား အနီး အဝေးမှနေ၍ လမ်းညွှန်အကြံပေးရန်အတွက် အသင်းကရွေးချယ်ထားသောဆရာတော်များ ဖြစ်သည်။

(၂) အသင်း၏ ကျောင်းထိုင်ဆရာတော်၊
အသင်း၏ကျောင်းထိုင်ဆရာတော်သည် အသင်းအမှုဆောင်အဖွဲ့က ဩဝါဒါစရိယဆရာတော် များနှင့်တိုင်ပင်၍ ကျောင်းထိုင်အဖြင့် ရွေးချယ်တင်မြှောက်ထားသည့် ဆရာတော်ဖြစ်သည်။

(၃) ခန်းနေသံဃာတော်များ
ခန်းနေသံဃာတော်များသည် ကျောင်းထိုင်ဆရာတော်နှင့် အသင်းအမှုဆောင်အဖွဲ့က လက်ခံ၍ နေထိုင်ခွင့်ပေးထားသည့် သံဃာတော်များဖြစ်သည်။

(၄) အာဂန္တု ဧည့်သည်သံဃာတော်များ
အာဂန္တု ဧည့်သည်သံဃာတော်များသည် ကျောင်းထိုင်ဆရာတော်နှင့် အသင်းအမှုဆောင်အဖွဲ့က ကျောင်းတွင် ခေတ္တ သီတင်းသုံးရန် ခွင့်ပြုသည့် သံဃာတော်များဖြစ်သည်။

(၅) ကျောင်းသား၊ ကပ္ပိယ၊ သီလရှင်၊ ယောဂီများ၊
ကျောင်းသာ၊ကပ္ပိယ၊သီလရှင်များသည်ကျောင်းထိုင်ဆရာတော်နှင့် အသင်းအမှုဆောင်အဖွဲ့က ကျောင်းတွင် နေထိုင်ခွင့်ပြုထာသည့် ပုဂ္ဂိုလ်များဖြစ်သည်။

(၁) အဆင့်ဆင့် အုပ်ချုပ်ရေး စည်းမျဉ်းများ။
အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်အဖွဲ့သည် အသင်း၏ ဩဝါဒါစရိယ ဆရာတော်နှင့် ကျောင်းထိုင်ဆရာတော်တို့၏ ဩဝါဒ လမ်းညွှန်မှုကို ခံယူ၍ အသင်းကိစ္စ၊ ဘာသာရေး ကိစ္စများကို ဆောင်ရွက်သွားရမည်။ လူမှုရေးကိစ္စကို မိမိတို့သဘောဖြင့် ဆောင်ရွက်နိုင်၏။ လိုအပ်ပါက ကျောင်းထိုင်ဆရာတော်နှင့် တိုင်ပင်နိုင်သည်။

(၂) ကျောင်းထိုင်ဆရာတော်၏ ဂုဏ်အင်္ဂါအရည်အချင်းများ။

  • (က) နိုင်ငံခြားသာသနာပြုသံဃာတော်များနှင့်ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ချုပ်က ညွှန်ကြားသတ်မှတ်ထားသည့် စာပေ အရည်အချင်း အသက်၊ သိက္ခာ၊ ဂုဏ်၊ ဝါတို့နှင့် ပြည့်စုံ၍ ဩဝါဒါစရိယဆရာတော်များကို ရိုသေလေးစားသော ရဟန်းတော် ဖြစ်ရမည်။
  • (ခ) မဟာစည်ကမ္မဌာနာစရိယ ဆရာတော်ဖြစ်ရမည်။
  • (ဂ) အသင်းစည်းလုံးညီညွတ်ရေး၊ တိုးတက်ရေး၊ သံဃာစည်းလုံးညီညွတ်ရေး ထေရဝါဒ ပရိယတ်၊ ပဋိပတ် သာသနာတော်ကို ပြန့်ပွားတိုးတက်စေရေးအတွက် ကြိုးစားဆောင်ရွက်နိုင်ရမည်။

(၃) အခန်းနေ သံဃာတော်များ လိုက်နာရန် စည်းကမ်းများ။

  • (က) ကျောင်းထိုင်ဆရာတော်၏ ဂုဏ်သိက္ခာနှင့် အဆုံးအမများကို လေးစား၍ မိမိအား ပေးအပ်ထားသည့် တာဝန်ကို မပျက်မကွက် ဆောင်ရွက်နေထိုင်ရမည်။
  • (ခ) အများလိုက်နာရန်အတွက် ချမှတ်ထားသည့် ကျောင်းစည်းကမ်း အသင်းစည်းကမ်းများ နှင့် အညီ နေထိုင်ရမည်။
  • (ဂ) မဟာစည်ရိပ်သာကြီး၌ဖြစ်စေ၊ မဟာစည်ဩဝါဒခံ ရိပ်သာများ၌ဖြစ်စေ၊ ကမ္မဌာနာ စရိယ ဆရာတော်များ ကျေနပ်သည်အထိ တရားရှုမှတ်ဖူးရမည်။
  • (င) ကျောင်းထိုင်ဆရာတော်၏ ခွင့်ပြုချက်ကို ရယူပြီးမှသာ ကျောင်းကိစ္စ၊ အသင်းကိစ္စ၊ ဘာသာရေးကိစ္စ၊ မိမိကိုယ်ရေးကိုယ်တာကိစ္စများကို ပြုမူဆောင်ရွက်ရမည်။
  • (စ) ဂိုဏ်း၊ အသင်း၊ ပုဂ္ဂိုလ်ရေး ပြိုကွဲစေမည့် ပြုလုပ်ပြောဆိုမှုများကို ရှောင်ကြဉ်၍ သံဃသာမဂ္ဂီစိတ်အမြဲရှိရမည်။
  • (ဆ) အသင်းနှင့် ကျောင်းထိုင်ဆရာတော်က တာဝန်မယူသောအချိန်တွင် မိမိတာဝန်ကို မိမိယူ၍ အေးဆေးစွာ ပြန်ကြွရမည်။

(၄) ကျောင်းသား ကပ္ပိယ၊ ယောဂီများ လိုက်နာရန်စည်းမျဉ်းများ။

  • (က) မဟာစည် သတိပဌာန်နည်းအတိုင်း နေ့စဉ်တရား ရှုမှတ်ရမည်။
  • (ခ) ကျောင်းဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စ၊ ဧည့်သည် အာဂန္တု ဝေယျာဝစ္စများကို စေတနာ ရှိရှိဖြင့် ဆောင်ရွက်ရမည်။
  • (ဂ) ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) တာဝန်လွှဲအပ်ထားသူ၏ ခွင့်ပြုချက်မရဘဲ အသင်းပိုင်၊ ကျောင်းပိုင်၊ သံဃိကပိုင် ပစ္စည်း၊ ဝတ္ထုများကို မိမိသဘောဖြင့် သုံးစွဲဝေဖန်မှု မပြုလုပ်ရ။
  • (ဃ) ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) တာဝန်လွှဲအပ်ထားသူ၏ ညွှန်ကြားမှုကို ခံယူ၍ ဆွမ်းကွမ်း ဝေယျာဝစ္စနှင့် ကိစ္စအဝဝကို ဆောင်ရွက်ပေးရမည်။
  • (င) သံဃာညီညွတ်မှု၊ အသင်းညီညွတ်မှု ဖြစ်ရေးကိုသာ ဆောင်ရွက်နေထိုင်ရမည်။
  • (စ) အသင်းနာမည်၊ ကျောင်းနာမည်အသုံးပြု၍ ကိုယ်ပိုင်စီးပွားရေး မလုပ်ကိုင်ရ။
  • (ဆ) မိမိကို ကျောင်းထိုင်ဆရာတော်နှင့်အသင်းမှ တာဝန်မယူသောအခါတွင် ကျောင်းမှ အေးဆေးစွာ ထွက်ခွာပေးရမည်။

(၅) အာဂန္တု သံဃာတော်များ လိုက်နာရန် စည်းမျဉ်းများ၊

  • (က) အာဂန္တု သံဃာတော်သည် အသင်းနှင့်ဖြစ်စေ၊ ကျောင်းထိုင်ဆရာတော်နှင့်ဖြစ်စေ ကြိုတင်ဆက်သွယ်မှု ရှိရမည်။
  • (ခ) တည်းခိုနေထိုင်စဉ်အတွင်း အသင်းစည်းကမ်း၊ ကျောင်းစည်းကမ်းများကို ရိုသေစွာ လိုက်နာနေထိုင်ရမည်။
  • (ဂ) ရက်အကန့်အသတ် ကတိဝန်ခံမှုဖြင့် နေထိုင်ရမည်။
  • (ဃ) နိုင်ငံရေးနှင့် အကျင့်သိက္ခာပျက်စီးမှုပြဿနာများ ကင်းသော ပုဂ္ဂိုလ်ဖြစ်ရမည်။

(၆) ဝတ္ထုပစ္စည်းများ ဝေဘန်သုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းများ။

  • က) အသင်းအားလှူသော ငွေနှင့် ဝတ္ထုပစ္စည်းများသည် အသင်းပိုင်ဖြစ်၍ အသင်း၏ ဥပဒေနှင့်အညီ စီမံနိုင်သည်။
  • (ခ) သံဃာအား လှူသော ငွေနှင့် ပစ္စည်းများသည် သံဃာပိုင်ဖြစ်၍ သံဃာ့ဝိနည်းတော်နှင့် အညီ စီမံနိုင်သည်။
  • (ဂ) ကျောင်းအား လှူသော ဝတ္ထုပစ္စည်းများသည် ကျောင်းပိုင်ဖြစ်၍ အသင်းနှင့် ကျောင်းမှ သံဃာတော်များ ညှိနှိုင်း၍ စီမံနိုင်သည်။
  • (ဃ) ပုဂ္ဂိုလ်တစ်ဦးချင်းအားလှူသော ပစ္စည်းများသည် ပုဂ္ဂလိကပိုင်ဖြစ်သည်။
  • (င) ဘုရားစေတီ၊ ရုပ်ပွားဆင်းတုတော်အား လှူသောပစ္စည်းသည် ဘုရားပိုင်ဖြစ်၍ ဘုရားနှင့် ဘုရားကျောင်းအတွက် ဝိနည်းနှင့်အညီ စီမံနိုင်သည်။

ကျောင်းရှိ ရဟန်းသံဃာများ လိုက်နာရမည့် စည်းမျဉ်း

  • (၁) သမာနလာဘ ရှိရမည်။ ပုဂ္ဂလိက နဝကမ္မဝတ္ထုငွေများကို အညီအမျှ ခွဲဝေသုံးဆောင်ရမည်။
  • (၂) မိမိ၏ဝေစု ဝတ္ထုငွေထဲမှ တစ်ဆယ်ရာခိုင်နှုံးကို သံဃာဘဏ္ဍာထဲသို့ ထည့်ဝင် လှူဒါန်းရမည်။
  • (၃) ကျောင်းဝေယျာဝစ္စကုသိုလ်များကို စေတနာအပြည့်အဝဖြင့် ဆောင်ရွက်ရမည်။
  • (၄) သာသနာပြုစိတ်ဓါတ်ဖြင့် တရားဟောမှု၊ တရားပြမှု တာဝန်များကို ကျေပြွန်စွာ ဆောင်ရွက်ရမည်။
  • (၅) နေ့စဉ် နှစ်ကြိမ် သတ်မှတ်သည့်အချိန်များ၌ အတူတကွ ဘုရားဝတ်ပြုခြင်း၊ တရားထိုင်ခြင်း ပြုရမည်။
  • (၆) အရာရာတွင် သည်းခံနိုင်ရမည်။ အထူးအားဖြင့် အစားသည်းခံခြင်း၊ အနေသည်းခံခြင်း၊ ပုဂ္ဂိုလ်ရေးသည်းခံခြင်း၊ ရာသီဉတုဒဏ် သည်းခံခြင်း။
  • (၇) အကျင့်သိက္ခာနှင့် မိမိ၏ ပညာတိုးတက်ရေးအတွက် အမြဲကြိုးစားရမည်။ ဝိနည်း သိက္ခာပုဒ်များနှင့် သတိပဌာန်ဝိပဿနာတရားတော်များကို ရိုရိုသေသေ ကျင်ကြံ အားထုတ်ရမည်။ မိမိ၏ လောကုတ္တရာ စာပေပညာရေး လောကီစာပေ ပညာရေးများကိုလည်း တိုးတက်အောင် ကြိုးစားရမည်။
  • (၈) ကျောင်းထိုင်ဆရာတော်၏ ဩဝါဒနှင့် ကျောင်းစည်းကမ်းများကို ရိုသေစွာ လိုက်နာ ရမည်။

ယောဂီများဆိုင်ရာ စည်းမျဉ်း

63 Gordons Corner Road, Englishtown, N.J 07726 – 3757 တွင် တည်ရှိသည့် မဟာစည် သတိပဌာန်ရိပ်သာ၌ တရားကျင့်သုံးမည့် ယောဂီများ လိုက်နာရန် စည်းမျဉ်းများ။

ခွင့်ပြုချက် ရယူခြင်း

  • (၁) ဤရိပ်သာ၌ တရားအားထုတ်လိုသူများကိုသာ ရက်ရှည်နေထိုင်ခွင့်ပေးသည်။
  • (၂) ဤရိပ်သာတွင် နေထိုင်၍ တရားအားထုတ်လိုသူသည် နာယက ဆရာတော်နှင့် A.B.B.A အသင်း အမှုဆောင်လူကြီးများ၏ သဘောတူ ခွင့်ပြုချက်ကို ရယူရမည်။
  • (၃) မိမိတရားအားထုတ်လိုသော အချိန်ကာလ အပိုင်းအခြားကို ဖော်ပြ၍ သတ်မှတ်ခွင့်ပြု ထားသော ကာလအပိုင်းအခြားကုန်ဆုံးသောအခါ အလိုအလျှောက် ရိပ်သာမှထွက်ခွာ ပေးရမည်။ ဆက်လက်နေထိုင်၍ တရားအားထုတ်လိုပါက (၂)နံပါတ် စည်းမျဉ်းအတိုင်း ဆောင်ရွက်ရမည်။
  • (၄) သတ်မှတ် ခွင့်ပြုသည့်ရက် မကုန်သေးသော်လည်း တရားအားထုတ်သူ ယောဂီသည် လိုက်နာရန် သဘောတူထားသည့် စည်းမျဉ်းစည်းကမ်းချက်များကို မလိုက်နာပါက ရိပ်သာမှ ထွက်ခွာပေးရမည်။

အစားအသောက်

  • (၁) ရိပ်သာ၌ နေထိုင်၍ တရားအားထုတ်စဉ်ကာလအတွင်း ရှစ်ပါးသီလကို စောင့်ထိမ်းရမည်။ နေ့လွဲညစာ စားသောက်ခြင်းကို ခွင့်မပြု၊ သတ်မှတ်ထားသော အချိန်အတိုင်း နံနက်စာ၊ နေ့လည်စာတို့ကို စားရမည်။
  • (၂) လက်ရှိအခြေအနေအရ တရားအားထုတ်လာသူအတွက် အစားအစာကို တာဝန်မယူနိုင် သဖြင့် တရားအားထုတ်လာသူသည် မိမိအစားအစာကို မိမိစီစဉ်ရမည်။ ကျောင်းထိုင်ဆရာတော်၏ ခွင့်ပြုချက်ရပါက ကျောင်းမှ ပိုလျှံသည်ကို စားသောက်နိုင်သည်။

တရားရှုမှတ်ခြင်း

ကမ္မဌာန်းပြဆရာတော် သတ်မှတ်ညွှန်ပြသည့် မဟာစည်ဆရာတော်ဘုရားကြီး၏ နည်းအတိုင်း ဝိပဿနာတရားကို ရိုရိုသေသေ လေးလေးစားစား အားထုတ်ရမည်၊ တရားစစ်ဆေးခံရမည်။

နေရေးထိုင်ရေး

  • (၁) ကမ္မဌာန်းပြဆရာတော်၏ ခွင့်ပြုချက်မရဘဲ မြို့တွင်းသို့ မသွားရ။
  • (၂) မိမိနေထိုင်ရာနေရာကို သန့်သန့်ရှင်းရှင်း သပ်သပ်ယပ်ယပ် ရှိစေရမည်။
  • (၃) ကျောင်းဝေယျာဝစ္စကို ကူညီလုပ်ကိုင်ပေးရမည်။
  • (၄) အတူနေသူအချင်းချင်း ထိပါးနှောက်ယှက်မှုမဖြစ်စေရန် နေထိုင်ရမည်။
  • (၅) တရားအားထုတ်လာသူသည် မိမိ၏ ကျန်းမာရေးကို မိမိဂရုစိုက်ရမည်။ ထိခိုက်အနာတရ ဖြစ်ခဲ့သော် ကျောင်းနေသံဃာနှင့် အသင်းအမှုဆောင်လူကြီးများ အပေါ် တာဝန်မရှိစေရ။
  • (၆) ဤရိပ်သာ၌နေစဉ်ကာလအတွင်း မိမိအသုံးပြုသည့် လျှပ်စစ်မီး၊ ရေ စသည့် အခြေခံကုန်ကျစရိတ်အတွက် စေတနာအလျှောက် လှူရမည်။

ဤရိပ်သာ၌ တရားလာအားထုတ်သော----------------------သည် အထက်ပါစည်းကမ်းချက် များကို သဘောတူ လိုက်နာမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပါသည်။

 

 

Copyright � 2012  mahasiusa.org  - All Rights Reserved

 America Burma Buddhist Association, New York, U.S.A.